ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ရေထဲ၌ အသုံးပြုပြီးသား ဆေးထိုးအပ်များ မျောပါလာနေသဖြင့် ကူးစက်ရောဂါများ ပြန့်ပွားလာမည်ကို ဒေသခံများက ပြင်းထန်စွာ စိုးရိမ်နေကြကြောင်း သိရသည်။ အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားသည့် ရွာသစ်ရပ်ကွက်အတွင်း မူးယစ်ဆေးစွဲသူများ သုံးစွဲစွန့်ပစ်ထားသော ဆေးထိုးအပ် အမြောက်အမြား ရေနှင့်အတူ မျောပါလာခြင်းဖြစ်ပြီး အဆိုပါ ရေညစ်ညမ်းမှုများကြောင့် ဝမ်းရောဂါဖြစ်ပွားနိုင်သည့်အပြင် ညစ်ညမ်းဆေးထိုးအပ်များကြောင့် ကျန်းမာရေးအန္တရာယ် ပိုမိုမြင့်တက်လာနေသည်။ ဒေသခံ ဆရာဝန်တစ်ဦး၏ သုံးသပ်ချက်အရ အဆိုပါ ဆေးထိုးအပ်များကို ထိမိခြင်း သို့မဟုတ် အပ်စူးမိခြင်းများ ဖြစ်ပွားပါက အရေပြားကူးစက်ရောဂါများအပြင် အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနှင့် HIV/AIDS ကဲ့သို့သော ကုသရခက်ခဲသည့် သွေးမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဆိုးများ ကူးစက်ခံရနိုင်ကြောင်း သိရသည်။ ဒေသခံများအနေဖြင့် ယခင်နှစ်များကလည်း တိရစ္ဆာန်များ အပ်စူး၍ ဆုံးရှုံးမှုများ ရှိခဲ့ဖူးသဖြင့် ဆေးထိုးအပ် လဲလှယ်ဝေငှပေးနေသည့် အဖွဲ့အစည်းများအနေဖြင့် စွန့်ပစ်အပ်များကို စနစ်တကျ ပြန်လည်သိမ်းဆည်းပေးရန် လိုလားနေကြပြီး လက်ရှိတွင် ရောဂါကူးစက်မှုအန္တရာယ်ကို ထိန်းချုပ်နိုင်ရေးအတွက် စိုးရိမ်ပူပန်လျက် ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ရေကြီးမှုနှင့်အတူ မူးယစ်ဆေးထိုးအပ်များ မျောပါလာသဖြင့် ကူးစက်ရောဂါအန္တရာယ် ဒေသခံများ စိုးရိမ်နေ
Jun 26 • 6:38 AM
Myanmar
Kachin
Share
| 14 | 0 | 0 | 0 |


