back

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းထဲတွင် ရေပြည့်လာသဖြင့် အပန်းဖြေလှေစီးခရီးစဉ်များ စတင်ပြေးဆွဲနေ

Jun 26 • 3:51 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းထဲတွင် ရေပြည့်လာသဖြင့် အပန်းဖြေလှေစီးခရီးစဉ်များ စတင်ပြေးဆွဲနေ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း ဧရာဝတီမြစ်ရေ လျှံတက်ပြီး အင်းရေပြည့်လာပြီဖြစ်သောကြောင့် လှေစီးရင်း သဘာဝရှုခင်းကြည့်ရှုသည့် အပန်းဖြေခ...


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း ဧရာဝတီမြစ်ရေ လျှံတက်ပြီး အင်းရေပြည့်လာပြီဖြစ်သောကြောင့် လှေစီးရင်း သဘာဝရှုခင်းကြည့်ရှုသည့် အပန်းဖြေခရီးစဉ်များကို စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ဇွန် ၂၅ ရက်တွင် တောင်သမန်ငှက်လှေအသင်းမှ သိရသည်။ အဆိုပါ တောင်သမန်အင်းသည် ဧရာဝတီမြစ်နှင့် ဆက်စပ်နေသဖြင့် နှစ်စဉ် မိုးရာသီအစ ဇွန်လလယ်ခန့်တွင် မြစ်ရေစတင်ဝင်ရောက်လေ့ရှိပြီး၊ တစ်မိုးတွင်းလုံး ဦးပိန်တံတားကြမ်းခင်းအထိ ရေထိလုနီးပါး ရေပြည့်နေတတ်သောကြောင့် နှစ်စဉ် လှေစီးအပန်းဖြေသူများဖြင့် စည်ကားရာနေရာဖြစ်သည်။ လက်ရှိတွင် အင်းအတွင်း ရေအတော်လေးပြည့်နေပြီဖြစ်၍ ဒေသခံငှက်ခတ်သမားများ (လက်ခတ်သမ္ဗာန်လှေပိုင်ရှင်များ) အလုပ်ပြန်လည်စတင်နေပြီဖြစ်ကာ ညနေခင်းများနှင့် ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ ပိုမိုများပြားလျက်ရှိပြီး ယခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည်အချို့ကိုလည်း တွေ့ရှိရကြောင်း သိရသည်။ တောင်သမန်အင်းအတွင်း၌ နှစ်စဉ် လှေစီးရေ ၅၀ ခန့်ဖြင့် ဧည့်သည်များကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်ပြီး၊ လှေစီးခနှုန်းထားမှာ အင်းအတွင်း လှည့်ပတ်သည့် ခရီးစဉ်အကွာအဝေးပေါ် မူတည်၍ ကျပ် ၁၅,၀၀၀ နှင့် အထက် ရှိကြောင်း သိရသည်။

news-view-count-icon

12