ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၁၅၉/၇) တွင် ဇွန်လ ၂၄ ရက် ညနေ ၅ နာရီအချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းသွားရောက်ဆောင်ရွက်ခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် TERT ပရဟိတအသင်းယာဉ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ အချိန်မှီ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Jun 25 • 3:08 AM
Myanmar
Bago
Share
| 18 | 0 | 0 | 0 |


