back

စကော့တလန်နှင့်ပွဲ လူစာရင်း၌ နေမာ ပြန်လည်ပါဝင်လာ

Jun 25 • 2:22 AM

breaking-news

Myanmar

International

cover

စကော့တလန်နှင့်ပွဲ လူစာရင်း၌ နေမာ ပြန်လည်ပါဝင်လာ

ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲဖြစ်သည့် စကော့တလန်အသင်းနှင့်ပွဲ လူစာရင်းတွင် တိုက်စစ်မှူး နေမာ ပြန်လည်ပါဝင်လာပြီဖြစ်သော်လည်း ပွဲထွက်ကစားနိုင်ရန် မသေချာ...

ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲဖြစ်သည့် စကော့တလန်အသင်းနှင့်ပွဲ လူစာရင်းတွင် တိုက်စစ်မှူး နေမာ ပြန်လည်ပါဝင်လာပြီဖြစ်သော်လည်း ပွဲထွက်ကစားနိုင်ရန် မသေချာသေးကြောင်း ဘရာဇီးအသင်းနည်းပြ အန်ဆလော့တီက အတည်ပြုပြောကြားသည်။ အသက် ၃၄ နှစ်အရွယ် နေမာသည် ယခုကမ္ဘာ့ဖလား ဘရာဇီးလူစာရင်းတွင် ရွေးချယ်ခံရပြီးနောက် ၃ နှစ်ကြာ လက်ရွေးစင်အသင်းနှင့် ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။သို့သော် နေမာသည် ခြေသလုံးဒဏ်ရာကြောင့် ကြံ့ခိုင်မှုမပြည့်ဝသဖြင့် ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလားအုပ်စုအဖွင့် ၂ ပွဲလုံးကို လွဲချော်ခဲ့ရသည်။ နည်းပြ အန်ဆလော့တီက နေမာသည် ၎င်း၏အရည်အချင်းဖြင့် အသင်းကို ကူညီပေးနိုင်သူဖြစ်၍ လူစာရင်းတွင် ပြန်ပါလာခြင်းကို ကျေနပ်မိကြောင်းနှင့် နေမာကိုယ်တိုင်လည်း လေ့ကျင့်မှုများ ကောင်းမွန်စွာ ပြုလုပ်လျက် ရှိသော်လည်း ပွဲကစားခွင့်ရရန်အတွက် ကြံ့ခိုင်မှုအခြေအနေကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရှင်းပြသည်။

တစ်ဖက်တွင်လည်း ဘရာဇီးအသင်း၏ တောင်ပံတိုက်စစ်မှူး ရာဖင်ဟာသည် ဟေတီအသင်းနှင့်ပွဲ၌ ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့် စကော့တလန်နှင့်ပွဲကို လွဲချော်မည်ဖြစ်သည်။ ရာဖင်ဟာ၏နေရာတွင် အစားထိုးပွဲထွက်မည့် ကစားသမားကိုမူ စဉ်းစားထားပြီးဖြစ်ကြောင်း နည်းပြ အန်ဆလော့တီက ဆိုသည်။

news-view-count-icon

13