back

ထိုင်းရော့ခ်စတား ဆက်လိုဆို တော်ဝင်လွတ်ငြိမ်းခွင့်ဖြင့် ထောင်မှလွတ်မြောက်ကာ ဇွန် ၂၆ တွင် ဖျော်ဖြေပွဲချက်ချင်းပြန်စမည်ဖြစ်

Jun 25 • 1:50 AM

breaking-news

Thailand

Local News

cover

ထိုင်းရော့ခ်စတား ဆက်လိုဆို တော်ဝင်လွတ်ငြိမ်းခွင့်ဖြင့် ထောင်မှလွတ်မြောက်ကာ ဇွန် ၂၆ တွင် ဖျော်ဖြေပွဲချက်ချင်းပြန်စမည်ဖြစ်

ထိုင်းနိုင်ငံ၌ ဆက်လိုဆို (Sek Loso) အဖြစ် လူသိများသည့် အသက် ၅၂ နှစ်အရွယ် ထိုင်းရော့ခ်အဆိုတော် ဆက်ဆန် ဆွတ်ပီမိုင်း (Seksan “Sek” Sukpimay) သည် ယမန်နေ့ (ဇွန် ၂၄ ရ...

ထိုင်းနိုင်ငံ၌ ဆက်လိုဆို (Sek Loso) အဖြစ် လူသိများသည့် အသက် ၅၂ နှစ်အရွယ် ထိုင်းရော့ခ်အဆိုတော် ဆက်ဆန် ဆွတ်ပီမိုင်း (Seksan “Sek” Sukpimay) သည် ယမန်နေ့ (ဇွန် ၂၄ ရက်) တွင် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။"လိုဆို" ရော့ခ်တီးဝိုင်းခေါင်းဆောင် ဆက်လိုဆိုသည် ၂၀၁၇ ခုနှစ်က ထိုင်းတောင်ပိုင်း နာခွန်းဆီသမ်မာနက်ခရိုင် ရှိုးပွဲတစ်ခုတွင် သေနတ်မိုးပေါ်ထောင်ဖောက်ခဲ့မှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးသုံးစွဲမှုနှင့် ရဲဝန်ထမ်းအား နှောင့်ယှက်မှုတို့ဖြင့် ၂၀၂၅ ခုနှစ် မေလတွင် ထောင်ဒဏ် ၂ နှစ်၊ ၁၂ လနှင့် ရက် ၂၀ ကျခံရန် အမိန့်ချမှတ်ခြင်းခံခဲ့ရသူ ဖြစ်သည်။၎င်းသည် တော်ဝင်လွတ်ငြိမ်းခွင့်ရရှိခဲ့ခြင်းကြောင့် ပြစ်ဒဏ်ကာလ ၅ လနှင့် ရက် ၂၀ သာ ကျခံခဲ့ရပြီး ထောင်မှလွတ်မြောက်လာခြင်းဖြစ်သော်လည်း မူလထောင်ဒဏ်ပြည့်မြောက်မည့် ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ စောင့်ကြည့်ကာလအဖြစ် လျှပ်စစ်ခြေကျင်းဝတ် (EM) တပ်ဆင်ကာ ဆက်လက်နေထိုင်သွားရမည်ဖြစ်သည်။ထောင်မှလွတ်မြောက်လာပြီးနောက် ၎င်း၏ပထမဆုံးဂီတဖျော်ဖြေပွဲဖြစ်သည့် “Sek Loso Rebirth” ပွဲစဉ်ကို လာမည့် ဇွန် ၂၆ ရက်တွင် ဘန်ကောက်မြို့၌ ကျင်းပရန် စီစဉ်ထားပြီး အဆိုပါပွဲအတွက် လက်မှတ်များမှာ အစောပိုင်းကတည်းက ကြိုတင်ရောင်းကုန်ထားခဲ့ပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

6