back

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ ကျောင်းအချို့တွင် ကျူရှင်မတက်သည့် ကျောင်းသားများ ခွဲခြားဆက်ဆံခံရ၍ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေ

Jun 24 • 4:54 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တောင်ကြီးမြို့ ကျောင်းအချို့တွင် ကျူရှင်မတက်သည့် ကျောင်းသားများ ခွဲခြားဆက်ဆံခံရ၍ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အစိုးရအထက်တန်းကျောင်းအချို့တွင်ကျူရှင်မတက်သည့် ကျောင်းသားများအား ခွဲခြားဆက်ဆံပြီး စိတ်ပိုင်းဆိုင်ရာဆဲဆိုမှုများရှိနေ၍ ...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အစိုးရအထက်တန်းကျောင်းအချို့တွင်ကျူရှင်မတက်သည့် ကျောင်းသားများအား ခွဲခြားဆက်ဆံပြီး စိတ်ပိုင်းဆိုင်ရာဆဲဆိုမှုများရှိနေ၍ ကလေးငယ်များ ကျောင်းမတက်ချင်တော့သည်အထိ စိတ်ဒဏ်ရာရရှိနေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။တောင်ကြီးမြို့ရှိ အထက (၁)၊ အထက (၃) နှင့် အထက (၈) ကျောင်းတို့တွင် အတန်းပိုင်ဆရာ၊ ဆရာမများ ဖွင့်လှစ်ထားသည့် ကျူရှင်သို့ လာရောက်မတက်ရောက်သော ကျောင်းသား၊ ကျောင်းသူများကို အတန်းထဲ၌ စောင်းမြောင်းပြောဆိုခြင်း၊ ကလေးငယ်များ၏ အားနည်းချက်များကို အများရှေ့တွင် ထုတ်ဖော်ကာ ဆဲဆိုဖိအားပေးခြင်းများ ကြုံတွေ့နေရခြင်း ဖြစ်သည်။ကျောင်းသားမိဘတစ်ဦး၏ ပြောပြချက်အရ မိသားစုစီးပွားရေးမပြေလည်၍ ကျူရှင်မထားနိုင်သည့် ကလေးငယ်များမှာ အဆိုပါခွဲခြားဆက်ဆံမှုများကြောင့် စိတ်ညစ်ညူးကာ ကျောင်းမတက်ချင်တော့ခြင်း၊ ကျောင်းပြောင်းချင်ခြင်းများ ဖြစ်ပေါ်နေပြီး ၎င်းလုပ်ရပ်မှာ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ရာရောက်ကြောင်း ဆိုသည်။ ယခုနှစ်ပညာသင်နှစ် ကျောင်းဖွင့်စကပင် Grade 10၊ Grade 11 နှင့် Grade 12 အတန်းများတွင် ဘာသာစုံ ကျူရှင်ခ တစ်လလျှင် ကျပ် ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ သတ်မှတ်ကာ တက်ရောက်ရန် ဖိအားပေးမှုများ ရှိနေခြင်း ဖြစ်သည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်ပညာရေးဦးစီးဌာနရုံးက အစိုးရအခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများကို အခကြေးငွေဖြင့် ကျူရှင်သင်ကြားခြင်းမပြုရန် တားမြစ်ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် မိဘများဘက်မှ သက်သေအထောက်အထားဖြင့် လာရောက်တိုင်ကြားမှုများ ရှိလာပါက ထိရောက်စွာ စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

news-view-count-icon

9