back

နေပြည်တော်တွင် မိုးဦးရာသီစာ ပိန္နဲသီးများ အရောင်းသွက်ကာ ဝယ်လိုအားကောင်းနေ

Jun 24 • 4:11 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်တွင် မိုးဦးရာသီစာ ပိန္နဲသီးများ အရောင်းသွက်ကာ ဝယ်လိုအားကောင်းနေ

နေပြည်တော်၌ မိုးအစမိုးအကျ ရာသီစာသီးနှံဈေးကွက်အတွင်း သရက်သီးအမှည့်များနှင့်အပြိုင် ပိန္နဲသီးများ စတင်ပေါ်ထွက်လာပြီဖြစ်ရာ နေပြည်တော်ဈေးကွက်အတွင်း ပိန္နဲသီး ၁၀ မြွ...

နေပြည်တော်၌ မိုးအစမိုးအကျ ရာသီစာသီးနှံဈေးကွက်အတွင်း သရက်သီးအမှည့်များနှင့်အပြိုင် ပိန္နဲသီးများ စတင်ပေါ်ထွက်လာပြီဖြစ်ရာ နေပြည်တော်ဈေးကွက်အတွင်း ပိန္နဲသီး ၁၀ မြွှာပါ တစ်ထုပ်လျှင် ၂,၀၀၀ ကျပ်ဖြင့် အရောင်းသွက်လျက်ရှိကြောင်း ဇွန်လ ၂၃ ရက်တွင် သိရသည်။ ပိန္နဲသီးသည် နွေရာသီတွင် အသီးကင်းစတင်လိုက်ပြီး မိုးဦးကာလတွင် ရင့်မှည့်လေ့ရှိသဖြင့် အလုံးလိုက်ဆွတ်ခူးကာ အမြွှာများခွဲ၍ ဈေးများ၊ ရပ်ကွက်များနှင့် ကျောင်းမုန့်ဈေးတန်းများတွင် ကြွတ်ကြွတ်အိတ်များဖြင့် ထည့်သွင်းရောင်းချကြခြင်းဖြစ်သည်။ ပိန္နဲသီးရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ပိန္နဲသီးသည် မြန်မာ့သီးနှံများအနက် လူကြိုက်များပြီး အသားဖတ်အပြင် အစေ့ကိုပါ ပြုတ်စားနိုင်၍ တကူးတက ဝယ်ယူစားသုံးကြကြောင်း သိရသည်။ လက်ရှိတွင် ပိန္နဲသီးကို အမြွှာလိုက်အပြင် အလုံးလိုက်လည်း ဝယ်ယူနိုင်ပြီး အရွယ်အစားအလိုက် တစ်လုံးလျှင် ၈,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်အထိ ဈေးနှုန်းရှိကြောင်း သိရသည်။

news-view-count-icon

9