back

ယခုပညာသင်နှစ်တွင် ပုဂ္ဂလိကကျောင်းများ၌ ကျောင်းသားအပ်နှံမှုနှုန်း ထက်ဝက်နီးပါး လျော့နည်းကျဆင်းလာ

Jun 24 • 3:12 AM

breaking-news

Myanmar

Local

cover

ယခုပညာသင်နှစ်တွင် ပုဂ္ဂလိကကျောင်းများ၌ ကျောင်းသားအပ်နှံမှုနှုန်း ထက်ဝက်နီးပါး လျော့နည်းကျဆင်းလာ

ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိကအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်သင်တန်းကျောင်းများ၌ ကျောင်းသားအပ်နှံမှုနှုန်းသည် ယခင်နှစ်များနှင့်နှို...

ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိကအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်သင်တန်းကျောင်းများ၌ ကျောင်းသားအပ်နှံမှုနှုန်းသည် ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက သိသိသာသာ လျော့နည်းကျဆင်းသွားပြီး အချို့ကျောင်းများတွင် ကျောင်းသားဦးရေ ထက်ဝက်နီးပါးအထိ ကျဆင်းသွားကြောင်း ပုဂ္ဂလိကကျောင်း တာဝန်ရှိသူများထံမှ သိရသည်။ ယင်းသို့ လျော့နည်းသွားခြင်းမှာ မိဘများ၏ စီးပွားရေးကျပ်တည်းမှုအပြင် ပုဂ္ဂလိကကျောင်းများ၏ သင်တန်းကြေး၊ ကျောင်းကားခနှင့် အဆောင်ခများပါ နှစ်ဆနီးပါး မြင့်တက်သွားခြင်းကြောင့် မိဘများအတွက် ဝန်ထုပ်ဝန်ပိုး ကြီးမားလာခြင်းကြောင့် ဖြစ်သည်။ ပုဂ္ဂလိကကျောင်းများတွင် တစ်နှစ်လျှင် အနည်းဆုံး ကျပ်သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ ကုန်ကျနိုင်သဖြင့် မိဘအများစုမှာ စရိတ်သောင်းဂဏန်းဝန်းကျင်သာ ကုန်ကျပြီး အခမဲ့ (သို့မဟုတ်) စရိတ်အလွန်သက်သာသည့် အစိုးရကျောင်းများသို့ ပြောင်းရွှေ့အပ်နှံကာ အပြင်ကျူရှင်ဖြင့်သာ အားဖြည့်ပေးရန် ရွေးချယ်လာကြသည်။တစ်ဖက်တွင်လည်း ပုဂ္ဂလိကကျောင်းများအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ဆရာ/ဆရာမများ၏ လစာတိုးမြှင့်ပေးရခြင်းနှင့် မီးစက်မောင်းနှင်ခ အပါအဝင် လုပ်ငန်းလည်ပတ်စရိတ်များပြားလာခြင်းကြောင့် ကျောင်းလခများကို မလွှဲမရှောင်သာ တိုးမြှင့်ခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ကျောင်းသားဝင်ရောက်မှု နည်းပါးသွားသည့် ကိုယ်ပိုင်ကျောင်းအချို့မှာ ရေရှည်ရပ်တည်နိုင်ရန်အတွက် ကျောင်းလခများကို အရစ်ကျပေးသွင်းနိုင်မည့်စနစ်များ၊ မောင်နှမအတူတက်ပါက လျှော့ဈေးပေးသည့် အစီအစဉ်များဖြင့် ကျောင်းသားများကို ပြန်လည်ဆွဲဆောင်နေရကြောင်း သိရသည်။

news-view-count-icon

14