back

မန္တလေးတိုင်း၊အမရပူရမြို့နယ်တွင် Grade 6 ကျောင်းသားတစ်ဦး လည်ပင်းထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ

Jun 24 • 3:00 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း၊အမရပူရမြို့နယ်တွင် Grade 6 ကျောင်းသားတစ်ဦး လည်ပင်းထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဓနုကျေးရွာအုပ်စု၊ ယာဉ်တော်စံကျေးရွာရှိ ကလျာမူလတန်းလွန်ကျောင်းအနီးတွင် အသက် (၁၅) နှစ်အရွယ် Grade 6 ကျောင်းသားတစ်ဦး လည်ပင်းတ...

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဓနုကျေးရွာအုပ်စု၊ ယာဉ်တော်စံကျေးရွာရှိ ကလျာမူလတန်းလွန်ကျောင်းအနီးတွင် အသက် (၁၅) နှစ်အရွယ် Grade 6 ကျောင်းသားတစ်ဦး လည်ပင်းတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ ကျောင်းသား၏ ရုပ်အလောင်းကို ကျောင်းထမင်းစားဆင်းချိန်တွင် ကျောင်းအနီးရှိ ဓာတ်တိုင်အောက်၌ ဒဏ်ရာများနှင့်လဲကျ သေဆုံးနေသည်ကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ အသတ်ခံရသည်ကို သိရှိနိုင်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လက်ရှိတွင် သွားရောက်စစ်ဆေး စုံစမ်းလျက်ရှိသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို မြတ်ဒါနလူမှုကူညီရေးအသင်းက မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

20