ယခုကျင်းပနေသည့် ကမ္ဘာ့ဖလားပွဲစဉ်များ တွင် လီယွန်နယ် မက်ဆီ၊ ကီလီယန် အမ်ဘာပေနှင့် အာလင် ဟာလန်းတို့ သုံးဦးစလုံး သွင်းဂိုးနှစ်ဂိုးစီ အသီးသီး ထပ်မံသွင်းယူနိုင်ခဲ့ကြသဖြင့် ရွှေဖိနပ်ဆုဆွတ်ခူးရေးမှာ ကမ္ဘာ့အဆင့်အကျော်ကြားဆုံး တိုက်စစ်မှူးကြီးသုံးဦးကြား အကြိတ်အနယ် စိန်ခေါ်မှုဖြစ်လာကြောင်း သိရသည်။အသက် ၃၉ နှစ်ပြည့်ရန် နှစ်ရက်အလိုရှိပြီဖြစ်သည့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ဩစတြီးယားကို ၂-၀ ဂိုးဖြင့် နိုင်သည့်ပွဲတွင် နှစ်ဂိုးစလုံးသွင်းယူခဲ့ရာ ကမ္ဘာ့ဖလားစုစုပေါင်း သွင်းဂိုး ၁၈ ဂိုးဖြင့် စံချိန်သစ်တင်နိုင်ခဲ့သလို လက်ရှိပြိုင်ပွဲတွင် ၅ ဂိုးဖြင့် ဂိုးသွင်းအများဆုံးစာရင်းကို ဦးဆောင်နေသည်။ တစ်ဖက်တွင်လည်း ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေက အီရတ်ကို ၃-၀ ဂိုးဖြင့် နိုင်သည့်ပွဲတွင် နှစ်ဂိုးသွင်းယူခဲ့ပြီး ၎င်း၏ နိုင်ငံတကာပွဲ ရာပြည့်ပွဲစဉ်၌ ကမ္ဘာ့ဖလားစုစုပေါင်းသွင်းဂိုး ၁၆ ဂိုးဖြင့် စံချိန်ဟောင်းပိုင်ရှင် ကလိုဆေးကို လိုက်မီခဲ့သည်။ ထို့အတူ နော်ဝေအသင်းမှ အသက် ၂၅ နှစ်အရွယ် ဟာလန်းကလည်း ဆီနီဂေါကို ၃-၂ ဂိုးဖြင့် နိုင်သည့်ပွဲတွင် နှစ်ဂိုးသွင်းခဲ့ရာ ၎င်း၏ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ပင် ၂ ပွဲကစား ၄ ဂိုး ရရှိထားသည်။ လက်ရှိ ရွှေဖိနပ်ဆုပြိုင်ပွဲတွင် မက်ဆီက ၅ ဂိုးဖြင့် ထိပ်ဆုံးကရှိနေပြီး အမ်ဘာပေနှင့် ဟာလန်းတို့က ၄ ဂိုးစီဖြင့် တစ်ဂိုးအကွာ ထက်ကြပ်မကွာ လိုက်လံဖိအားပေးလျက်ရှိသည်။
ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုအတွက် မက်ဆီ၊ အမ်ဘာပေနှင့် ဟာလန်းတို့ သွင်းဂိုးကိုယ်စီဖြင့် အကြိတ်အနယ် အားပြိုင်နေ
Jun 24 • 1:48 AM
Myanmar
International
Share
| 24 | 0 | 0 | 0 |


