back

တရုတ်ဈေးကွက်၌ မြန်မာ့စိန်တလုံးသရက်သီး ယခင်နှစ်ထက် နှစ်ဆနီးပါး ဈေးကောင်းရရှိနေ

Jun 23 • 7:57 AM

breaking-news

Myanmar

International

cover

တရုတ်ဈေးကွက်၌ မြန်မာ့စိန်တလုံးသရက်သီး ယခင်နှစ်ထက် နှစ်ဆနီးပါး ဈေးကောင်းရရှိနေ

ယခုနှစ် သရက်သီးတင်ပို့သည့်ရာသီတွင် တရုတ်နိုင်ငံဈေးကွက်၌ မြန်မာ့စိန်တလုံးသရက်သီးမှာ ရွှေဟင်္သာသရက်သီးထက် ဈေးကောင်းပိုမိုရရှိနေကြောင်း မြန်မာ-တရုတ် နယ်စပ်သစ်သီးဝလ...

ယခုနှစ် သရက်သီးတင်ပို့သည့်ရာသီတွင် တရုတ်နိုင်ငံဈေးကွက်၌ မြန်မာ့စိန်တလုံးသရက်သီးမှာ ရွှေဟင်္သာသရက်သီးထက် ဈေးကောင်းပိုမိုရရှိနေကြောင်း မြန်မာ-တရုတ် နယ်စပ်သစ်သီးဝလံကုန်သည်များထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် သရက်ရာသီက စိန်တလုံးသရက် ၁၆ ကီလိုဝင် တစ်ခြင်းလျှင် ယွမ် ၁၀၀ မှ ယွမ် ၁၂၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုနှစ် ကာလတူတွင် ယွမ် ၂၀၀ ခန့်အထိ နှစ်ဆနီးပါး ဈေးကောင်းရရှိနေခြင်းဖြစ်ပြီး လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအချို့ ပိတ်ထားသဖြင့် ပို့ကုန်သမားများ အခက်အခဲရှိနေသော်လည်း မြန်မာ့စိန်တလုံးသရက်ကို တရုတ်ဈေးကွက်အပြင် ရုရှားနိုင်ငံကပါ ဝယ်လိုအားရှိနေကြောင်း သိရသည်။

news-view-count-icon

12