back

ထိုင်းနိုင်ငံ ချွန်ပူရီတွင် ရွှေဆွဲကြိုးအစစ်ကို ရွှေအတုဖြင့် လဲလှယ်ခိုးယူရန် ကြိုးပမ်းသည့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Jun 23 • 7:49 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ ချွန်ပူရီတွင် ရွှေဆွဲကြိုးအစစ်ကို ရွှေအတုဖြင့် လဲလှယ်ခိုးယူရန် ကြိုးပမ်းသည့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ သီရာချာမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဆွဲကြိုးအစစ်ကို ရွှေအတုဖြင့် လဲလှယ်ခိုးယူရန် ကြိုးပမ်းခဲ့သည့် အသက် ၃၄ နှစ်အရွယ် မြန...

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ သီရာချာမြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဆွဲကြိုးအစစ်ကို ရွှေအတုဖြင့် လဲလှယ်ခိုးယူရန် ကြိုးပမ်းခဲ့သည့် အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ဇွန်လ ၂၂ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ မမုံဆာ (Mrs. Mong Ser) အမည်ရှိ အဆိုပါ မြန်မာအမျိုးသမီးသည် "ဘွန်ချိုင်း ယာဝရတ်" ရွှေဆိုင်သို့ ဝယ်ယူလိုသူအဖြစ် ဟန်ဆောင်ဝင်ရောက်ကာ အလေးချိန် ၃ ဒသမ ၇၅ ဂရမ်ရှိ ရွှေဆွဲကြိုးကို ကြည့်ရှုစဉ် အရည်အသွေးနိမ့် ရွှေအတုဖြင့် လဲလှယ်ကာ ပြန်ပေးခဲ့ရာ ဆိုင်ရှင်က ချက်ချင်းသတိပြုမိသဖြင့် ဆိုင်တံခါးပိတ်၍ ရဲတပ်ဖွဲ့ထံ အကြောင်းကြား ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းအား ခိုးယူရန် ကြိုးပမ်းမှုဖြင့် ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

27