back

မွန်ပြည်နယ်တွင် ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်လှစ်ပါက အုပ်ချုပ်ရေးဥပဒေဖြင့် အရေးယူမည်ဟု လိုက်လံနှိုးဆော်

Jun 23 • 7:47 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်တွင် ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်လှစ်ပါက အုပ်ချုပ်ရေးဥပဒေဖြင့် အရေးယူမည်ဟု လိုက်လံနှိုးဆော်

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်လှစ်ခြင်း မပြုရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် လိုက...

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်လှစ်ခြင်း မပြုရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်လျက်ရှိပြီး၊ လိုက်နာခြင်းမရှိပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ (၂၇) အရ ကျပ်တစ်သောင်းထက်မပိုသော ငွေဒဏ် သို့မဟုတ် ပျက်ကွက်ပါက ၇ ရက်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။ အသံချဲ့စက်ဖွင့်လိုပါက အနည်းဆုံး ၃ ရက် ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး မနက် ၆ နာရီမှ ည ၉ နာရီအထိသာ အများပြည်သူမနှောင့်အယှက်ဖြစ်စေရန် ဖွင့်ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါစိစစ်ကြပ်မတ်မှုမှာ အသံချဲ့စက်ဆူညံသံများကြောင့် ပြည်သူများ ကျန်းမာရေးထိခိုက်မှုမရှိစေရန်အတွက် အတွဲလိုက်အသံချဲ့စက်ဖွင့်လှစ်မှုကို အရေးယူတားဆီးပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည့်အဆို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ အရေးယူမှုများ လုပ်ဆောင်လာခြင်းဖြစ်သော်လည်း၊ ဒေသခံအချို့ကမူ လက်ရှိခေတ်ကာလတွင် ကျပ်တစ်သောင်းဒဏ်ကြေးမှာ ထိရောက်မှုမရှိသဖြင့် ပြစ်ဒဏ်များတိုးမြှင့်ရန် လိုအပ်ကြောင်း ဝေဖန်ထောက်ပြထားသည်။

news-view-count-icon

24