back

မန္တလေးရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ လုပ်သားရှားပါးမှုကြောင့် ရပ်တန့်နေ

Jun 23 • 3:48 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ လုပ်သားရှားပါးမှုကြောင့် ရပ်တန့်နေ

မန္တလေးမြို့ရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအများစုမှာ လုပ်သားရှားပါးမှုပြဿနာနှင့် နိုင်ငံရေးအခြေအနေ ပြောင်းလဲပြီးနောက်ပိုင်း ရေကြောင်းသွားလာရေး ခက်ခဲမှုများကြောင...

မန္တလေးမြို့ရှိ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအများစုမှာ လုပ်သားရှားပါးမှုပြဿနာနှင့် နိုင်ငံရေးအခြေအနေ ပြောင်းလဲပြီးနောက်ပိုင်း ရေကြောင်းသွားလာရေး ခက်ခဲမှုများကြောင့် လုံးဝနီးပါးရပ်တန့်သွားခဲ့ပြီး လက်ရှိတွင် ပြင်ဆင်ပြုပြင်ရေးလုပ်ငန်းများကိုသာ ဆက်လက်လုပ်ကိုင်နေရကြောင်း သင်္ဘောကျင်းလုပ်ငန်းရှင်များထံမှ သိရသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသည့် သင်္ဘောများမှာ လုံခြုံရေးနှင့် လမ်းခရီးအခက်အခဲများကြောင့် လုပ်ငန်းများရပ်နားလာရသဖြင့် အသစ်တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံသူ မရှိတော့ဘဲ နယ်မြေအခြေအနေများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရှိပြီးသားသင်္ဘောအဟောင်းများကိုသာ ပြုပြင်ဖာထေးသုံးစွဲနေကြခြင်း ဖြစ်သည်။ ယခင်က သင်္ဘောကျင်းလုပ်ငန်းခွင်တွင် လုပ်သား ၂,၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း ယခုအခါတွင် လူငယ်လုပ်သားရှားပါးမှုဒဏ်ကြောင့် လုပ်သား ၁၀၀ ကျော်ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

news-view-count-icon

8