back

ရန်ကုန်ရှိ ဘေးတွဲဆိုင်ကယ် ၈ သောင်းကျော်မှာ တရားမဝင်တင်သွင်းထားခြင်းဖြစ်၍ မှတ်ပုံတင်ပေးရန် အစီအစဉ်မရှိဟုဆို

Jun 23 • 3:11 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်ရှိ ဘေးတွဲဆိုင်ကယ် ၈ သောင်းကျော်မှာ တရားမဝင်တင်သွင်းထားခြင်းဖြစ်၍ မှတ်ပုံတင်ပေးရန် အစီအစဉ်မရှိဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေးဆွဲနေသည့် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်အစီးရေ ၈၂,၃၅၄ စီးမှာ ပြည်ပမှ တရားဝင်တင်သွင်းခဲ့ခြင်း မရှိဘဲ ဒေသန္တရဝပ်ရှော့များတွင် တရာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပြေးဆွဲနေသည့် ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ်အစီးရေ ၈၂,၃၅၄ စီးမှာ ပြည်ပမှ တရားဝင်တင်သွင်းခဲ့ခြင်း မရှိဘဲ ဒေသန္တရဝပ်ရှော့များတွင် တရားမဝင် ပြုပြင်တပ်ဆင်ထားခြင်းဖြစ်၍ တရားဝင်မှတ်ပုံတင် (လိုင်စင်) ထုတ်ပေးရန် အစီအစဉ်မရှိကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ယင်းဘေးတွဲဆိုင်ကယ်များသည် ၂၀၂၃ ခုနှစ်ခန့်က မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စတင်ခေတ်စားခဲ့ပြီးနောက် ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီး ဆင်ခြေဖုံးများသို့ ပျံ့နှံ့လာကာ ဆိုက်ကားနှင့် တွန်းလှည်းနေရာတွင် အစားထိုးသုံးစွဲလာကြခြင်းဖြစ်သည်။ သို့သော် ၎င်းတို့မှာ စနစ်တကျ ကြီးကြပ်သည့် MSME စက်မှုလုပ်ငန်းများမှ ထုတ်လုပ်ခြင်းမဟုတ်ဘဲ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှု မရှိသဖြင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားကာ Road Safety ကို ထိခိုက်စေ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ဥပဒေအရ မှတ်ပုံတင်ခွင့် မပြုခြင်း ဖြစ်သည်။ကညနအနေဖြင့် ၂၀၂၆ ခုနှစ် ဧပြီလအထိ ရန်ကုန်တိုင်းအတွင်း မော်တော်ဆိုင်ကယ် ၁၁၈,၉၈၈ စီးနှင့် သုံးဘီးဆိုင်ကယ် ၇,၂၆၀ စီးကို တရားဝင်မှတ်ပုံတင်ပေးထားပြီးဖြစ်ကာ ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်ပြင်ပ တစ်နိုင်ငံလုံးတွင် မောင်းနှင်ခွင့်ပြုထားသည်။ ထို့ကြောင့် လက်ရှိပြေးဆွဲနေသည့် ဘေးတွဲဆိုင်ကယ်များအစား တရားဝင်တင်သွင်းထားသည့် သုံးဘီးဆိုင်ကယ်များကို အစားထိုးလဲလှယ်အသုံးပြုလာပါက ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များကို ဥပဒေနှင့်အညီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

21