back

ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်း ငဝန်မြစ်ကမ်းဘေး အပန်းဖြေရင်ပြင်တွင် ပေ ၁၃၀ ခန့် အက်ကွဲကြောင်း ဖြစ်ပေါ်နေ

Jun 23 • 1:53 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်း ငဝန်မြစ်ကမ်းဘေး အပန်းဖြေရင်ပြင်တွင် ပေ ၁၃၀ ခန့် အက်ကွဲကြောင်း ဖြစ်ပေါ်နေ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းရှိ ကျောက်ထီးအနီး အများပြည်သူ အပန်းဖြေအနားယူရာ ပလက်ဖောင်းနှင့် ရင်ပြင်ဧရိယာတွင် ငဝန်မြစ်ရေတိုက်စားမှုကြောင့် အလျား ပေ...

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းရှိ ကျောက်ထီးအနီး အများပြည်သူ အပန်းဖြေအနားယူရာ ပလက်ဖောင်းနှင့် ရင်ပြင်ဧရိယာတွင် ငဝန်မြစ်ရေတိုက်စားမှုကြောင့် အလျား ပေ ၁၃၀ ခန့် ရှည်လျားသည့် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ဇွန်လ ၂၃ ရက်တွင် သိရသည်။အဆိုပါနေရာသည် ပြည်သူများ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ရန်နှင့် အပန်းဖြေရန် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ယခုအခါ အန္တရာယ်မဖြစ်စေရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူကာ လုံခြုံရေးအစီအမံများ ချမှတ်ထားသည်။ လက်ရှိတွင် ကမ်းထိန်းနံရံ ထပ်မံပျက်စီးမှု မရှိစေရေးအတွက် တိုင်းဒေသကြီး မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်လျက်ရှိ‌သည်။

news-view-count-icon

17