back

ကာတစ်ဂျုံးစ်အတွက် အင်တာမီလန်အသင်း၏ ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်း ပယ်ချ

Jun 22 • 8:20 AM

breaking-news

Myanmar

International

cover

ကာတစ်ဂျုံးစ်အတွက် အင်တာမီလန်အသင်း၏ ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်း ပယ်ချ

အကယ်ဒမီထွက် အင်္ဂလန်ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ် (၂၅ နှစ်) အတွက် အီတလီကလပ် အင်တာမီလန်အသင်း၏ ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။ အသင်းတွင...

အကယ်ဒမီထွက် အင်္ဂလန်ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ် (၂၅ နှစ်) အတွက် အီတလီကလပ် အင်တာမီလန်အသင်း၏ ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။ အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည့် ကာတစ်ဂျုံးစ်ကို ခေါ်ယူရန် အင်တာမီလန်က ပြီးခဲ့သည့် ဇန်နဝါရီဈေးကွက်ကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်သော်လည်း လီဗာပူးလ်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဝန်းကျင် ရရှိရန် လိုလားနေခြင်းကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကစားသမား၏ အေးဂျင့်ဖြစ်သူက လီဗာပူးလ်အသင်းမှ ထွက်ခွာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေကြောင်း သိရသည်။

news-view-count-icon

11