back

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ယခုနှစ်အတွင်း တရုတ်နှင့် တူရကီနိုင်ငံတို့သို့ သွားရောက်မည်

Jun 22 • 8:19 AM

breaking-news

China

Local News

cover

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ယခုနှစ်အတွင်း တရုတ်နှင့် တူရကီနိုင်ငံတို့သို့ သွားရောက်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခုနှစ်အတွင်း တူရကီနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည့်အပြင် ညီလာခံတစ်ရပ် တက်ရောက်ရန်အတွက် တရုတ်နိုင်ငံသို့လည်း ဒုတိယအကြိမ်အဖြစ် ထပ...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယခုနှစ်အတွင်း တူရကီနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည့်အပြင် ညီလာခံတစ်ရပ် တက်ရောက်ရန်အတွက် တရုတ်နိုင်ငံသို့လည်း ဒုတိယအကြိမ်အဖြစ် ထပ်မံသွားရောက်မည်ဖြစ်ကြောင်း ဇွန် ၁၉ ရက်တွင် ကျင်းပသည့် အဲဖို့စ်ဝမ်း သမ္မတစီးလေယာဉ်သစ် ထုတ်ဖော်ပြသပွဲ၌ ပြောကြားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရန့်သည် ယခုနှစ် မေ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်အဖြစ် ပထမအကြိမ် သွားရောက်ခဲ့ဖူးပြီးဖြစ်ကာ၊ လာမည့် စက်တင်ဘာလအတွင်းတွင်လည်း တရုတ်သမ္မတ ရှီကျင်ပင်းက အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

news-view-count-icon

4