back

တရုတ်ကြက်သွန်ဖြူများ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာသောကြောင့် ကြက်သွန်ဖြူဈေးများ ကျဆင်းလာ

Jun 22 • 5:04 AM

breaking-news

China

Local News

cover

တရုတ်ကြက်သွန်ဖြူများ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာသောကြောင့် ကြက်သွန်ဖြူဈေးများ ကျဆင်းလာ

တရုတ်ကြက်သွန်ဖြူ (ကြူကုတ်) များ ပြည်တွင်းဈေးကွက်အတွင်းသို့ မထင်မှတ်သည့်အချိန်တွင် တင်သွင်းဝင်ရောက်လာမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းထွက် ဒေသခံကြက်သွန်ဖြူများ ...

တရုတ်ကြက်သွန်ဖြူ (ကြူကုတ်) များ ပြည်တွင်းဈေးကွက်အတွင်းသို့ မထင်မှတ်သည့်အချိန်တွင် တင်သွင်းဝင်ရောက်လာမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းထွက် ဒေသခံကြက်သွန်ဖြူများ ဈေးနှုန်းကျဆင်းသွားကြောင်း ဇွန်လ ၂၁ ရက်တွင် ကုန်သည်များထံမှ သိရသည်။ အောင်ပန်းကုန်စည်ဈေးနှုန်းများအရ လက်ရှိတွင် ပြည်တွင်းကြက်သွန်ဖြူ အခြောက်ရှယ်သန့်တစ်ပိသာလျှင် ၂,၀၀၀ ကျပ်ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး၊ တာဝန်ရှိသူများအနေဖြင့် စနစ်တကျစိစစ်ခြင်းမရှိဘဲ တင်သွင်းခွင့်ပြုခဲ့ခြင်းကြောင့် ပြည်တွင်းစိုက်ပျိုးတောင်သူများ နစ်နာနေရသည်ဟု ပွဲစားများက ဆိုကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ အောင်ပန်း၊ တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်တို့တွင် ကြက်သွန်ဖြူကို အဓိကစိုက်ပျိုးကြပြီး၊ လာမည့် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်းမှသာ ပြည်တွင်းကြက်သွန်ဖြူဈေးနှုန်းများ ပြန်လည်ခိုင်မာလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။

news-view-count-icon

6