back

တရုတ်လုပ်ငန်းရှင်များ B2B စနစ်ဖြင့် မြန်မာ့ပြောင်းဖူးကို ကာလရှည် ပုံမှန်ဝယ်ယူရန် စိတ်ဝင်စားနေ

Jun 21 • 11:02 AM

breaking-news

Myanmar

Local

cover

တရုတ်လုပ်ငန်းရှင်များ B2B စနစ်ဖြင့် မြန်မာ့ပြောင်းဖူးကို ကာလရှည် ပုံမှန်ဝယ်ယူရန် စိတ်ဝင်စားနေ

တရုတ်နိုင်ငံအခြေစိုက် China Kunming ASEAN Association က မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဖူးများကို B2B (Business to Business) စနစ်ဖြင့် လစဉ် ကာလရှည် ပုံမှန်ဝ...

တရုတ်နိုင်ငံအခြေစိုက် China Kunming ASEAN Association က မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဖူးများကို B2B (Business to Business) စနစ်ဖြင့် လစဉ် ကာလရှည် ပုံမှန်ဝယ်ယူတင်သွင်းရန် စိတ်ဝင်စားမှုရှိနေကြောင်း ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးထံ ဆက်သွယ်အကြောင်းကြားထားသည်။ အဆိုပါအသင်းသည် မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များနှင့် စာချုပ်များချုပ်ဆိုကာ ပုံမှန်ဝယ်ယူ တင်သွင်းသွားရန် စီစဉ်နေပြီး လက်ရှိမြန်မာ့ပြောင်းဖူးဈေးနှုန်းများကိုလည်း သိရှိလိုကြောင်း ဖော်ပြထားရာ၊ ယင်းအစီအစဉ်သည် မြန်မာ့ပြောင်းဖူးစိုက်ပျိုးထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ကာလရှည်ဈေးကွက်ရရှိနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

news-view-count-icon

26