back

တိုနယ်လီအတွက် စပါးအသင်း၏ ပေါင်သန်း ၈၀ ကမ်းလှမ်းမှုကို နယူးကာဆယ် ပယ်ချ

Jun 21 • 8:22 AM

breaking-news

Myanmar

International

cover

တိုနယ်လီအတွက် စပါးအသင်း၏ ပေါင်သန်း ၈၀ ကမ်းလှမ်းမှုကို နယူးကာဆယ် ပယ်ချ

ကွင်းလယ်ကစားသမား တိုနယ်လီကို ခေါ်ယူရန် စပါးအသင်းနည်းပြ ဒီဇာဘီ၏ အလိုရှိမှုအရ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း နယူးကာဆယ်အသင်းက ပယ်ချခဲ့ကြေ...

ကွင်းလယ်ကစားသမား တိုနယ်လီကို ခေါ်ယူရန် စပါးအသင်းနည်းပြ ဒီဇာဘီ၏ အလိုရှိမှုအရ ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း နယူးကာဆယ်အသင်းက ပယ်ချခဲ့ကြောင်း သိရသည်။ နယူးကာဆယ်ဘက်က ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိသည့် တိုနယ်လီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ အောက်ကို စဉ်းစားမည်မဟုတ်ဘဲ အသင်း၏ကစားသမားရောင်းချမှုများကို စည်းကမ်းချက်များနှင့်အညီသာ ဆောင်ရွက်မည်ဟု အမှုဆောင်အရာရှိချုပ်က ပြောကြားထားသည်။ လက်ရှိတွင် တိုနယ်လီကို မန်စီးတီးနှင့် အာဆင်နယ်တို့ကလည်း စောင့်ကြည့်နေပြီး နော်တင်ဟမ်ကွင်းလယ်လူ အန်ဒါဆန်အတွက် ပေါင်သန်း ၁၂၀ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရသည့် မန်စီးတီးအသင်းသည် တိုနယ်လီဘက်သို့ ပစ်မှတ်ပြောင်းလာနိုင်ကြောင်း သတင်းထွက်ပေါ်နေသည်။

news-view-count-icon

16