back

ဇွန်လကုန်အထိ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခု၌ မိုးထစ်ချုန်းရွာနိုင်ပြီး ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလထုတ်ပြန်

Jun 21 • 8:01 AM

breaking-news

Myanmar

Local

cover

ဇွန်လကုန်အထိ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခု၌ မိုးထစ်ချုန်းရွာနိုင်ပြီး ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလထုတ်ပြန်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ တတိယပတ် (၁၀) ရက်ပတ်အတွက် ယနေ့ ဇွန် ၂၁ ရက် မိုးလေဝသခန့်မှန်းချက်အရ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်း(အထ...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ တတိယပတ် (၁၀) ရက်ပတ်အတွက် ယနေ့ ဇွန် ၂၁ ရက် မိုးလေဝသခန့်မှန်းချက်အရ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်း(အထက်ပိုင်း) တို့နှင့် ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း(တောင်ပိုင်းနှင့် အရှေ့ပိုင်း) အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀) ခုတို့တွင် လကုန်အထိ (၈) ရက်မှ (၁၀) ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း(အောက်ပိုင်း)၊ ကယား၊ ချင်းနှင့် ရှမ်း(မြောက်ပိုင်း) တို့တွင်လည်း (၆) ရက်မှ (၈) ရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်းနှင့် အဆိုပါ ဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

news-view-count-icon

17