back

ကချင်ပြည်နယ်၊မိုးကောင်းမြို့မှ ရေဘေးသင့်ပြည်သူ ၁ သောင်းစာအတွက် ရင်ငြိမ်းပန်းပရဟိတကွန်ရက်က ထမင်း၊ ဟင်းများ ချက်ပြုတ်လှူဒါန်း

Jun 21 • 8:00 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊မိုးကောင်းမြို့မှ ရေဘေးသင့်ပြည်သူ ၁ သောင်းစာအတွက် ရင်ငြိမ်းပန်းပရဟိတကွန်ရက်က ထမင်း၊ ဟင်းများ ချက်ပြုတ်လှူဒါန်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ကောင်းချောင်းနှင့် နန့်ယင်းချောင်းရေ မြင့်တက်ကာ ဈေးကုန်း၊ မြို့ဦး၊ ရွာသစ်နှင့် အလယ်ရပ်ကွက...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ကောင်းချောင်းနှင့် နန့်ယင်းချောင်းရေ မြင့်တက်ကာ ဈေးကုန်း၊ မြို့ဦး၊ ရွာသစ်နှင့် အလယ်ရပ်ကွက်ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်ခဲ့သဖြင့် ဇွန် ၂၀ ရက်မှစတင်ကာ ရေဘေးသင့်ပြည်သူများကို ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ အဆိုပါ ရေဘေးယာယီကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသူများ စားသောက်မှုအဆင်ပြေစေရန်အတွက် ရင်ငြိမ်းပန်းပရဟိတကွန်ရက်က ထမင်းနှင့်ဟင်းများကို ချက်ပြုတ်လှူဒါန်းပေးလျက်ရှိပြီး၊ ယနေ့ ဇွန် ၂၁ ရက်တွင်လည်း ရေဘေးသင့်ပြည်သူ ၁ သောင်းစာအတွက် ဆက်လက်ချက်ပြုတ်လှူဒါန်းရန် ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

12