ပြည်တွင်း၌ တရုတ်စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ တိုးမြင့်ဝင်ရောက်လာခြင်းကြောင့် အလုပ်အကိုင်နှင့် လစာကောင်းရရှိရန် လူငယ်လူရွယ်များအကြား တရုတ်စာသင်ယူမှု အလွန်ခေတ်စားလာကြောင်း သိရသည်။ ပြည်တွင်းစီးပွားရေး အခြေအနေပြောင်းလဲမှုများကြောင့် ရှမ်းပြည်နယ်ရှိ မြို့ကြီးများမှသည် ရွာငယ်များအထိ တရုတ်စာသင်တန်းများ အများအပြား ဖွင့်လှစ်လာကြပြီး မိဘများကလည်း ကလေးငယ်များကို တရုတ်စာ မဖြစ်မနေ သင်ကြားပေးလာကြသည်။လက်ရှိတွင် အထည်ချုပ်၊ ကုန်ထုတ်လုပ်မှု၊ နည်းပညာနှင့် ကုန်သွယ်ရေးကဏ္ဍများ၌ တရုတ်ကုမ္ပဏီများ ကျယ်ပြန့်လာရာ အလုပ်ခေါ်စာအများစုတွင် တရုတ်ဘာသာစကားတတ်ကျွမ်းသူများကို ဦးစားပေး ခေါ်ယူလျက်ရှိသည်။ အလုပ်ခွင်အတွင်း ဘွဲ့ရပညာတတ်ဖြစ်သော်လည်း အင်္ဂလိပ်စာတစ်ခုတည်းတတ်သူထက် တရုတ်စာ (HSK Level 4) တတ်ကျွမ်းသူများက လစာ အနည်းဆုံး နှစ်ဆ၊ သုံးဆခန့် ပိုမိုရရှိနေကြသည်။ ထို့ကြောင့် ပြည်တွင်းရှိ တိုင်းရင်းသားဒေသများအပါအဝင် နေရာအနှံ့အပြားတွင် တရုတ်စာကို ဝါသနာအရထက် အလုပ်အကိုင်စျေးကွက်၌ နေရာရရှိရန် မရှိမဖြစ် အရည်အချင်းတစ်ခုအဖြစ် ပြောင်းလဲသင်ယူလာကြကြောင်း သိရသည်။
Jun 21 • 3:29 AM
Myanmar
Local
Share
| 24 | 0 | 0 | 0 |


