တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ဟိုင်ဟယ်မြစ် ချိဖုန်းတံတားနံဘေးရှိ "ဘယ်ဘက်မြစ်ကမ်း" ခရီးသွားနေရာသစ်သို့ တွမ်းဝူအားလပ်ရက်ကာလအတွင်း ခရီးသွားဧည့်သည်အများအပြား လာရောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါနေရာသည် မူလက စွန့်ပစ်ထားသည့် အဆောက်အအုံဟောင်းများကို ပြန်လည်မွမ်းမံကာ ယခုနှစ် မေလတွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ လက်လီအရောင်းဆိုင်များ၊ ယဉ်ကျေးမှုဆန်းသစ်ပစ္စည်းအရောင်းဆိုင်များနှင့် ထူးခြားသော စားသောက်ဆိုင်များ ပါဝင်သဖြင့် မြို့ခံများနှင့် ဧည့်သည်များအတွက် မြစ်အလှကြည့်ရင်း အပန်းဖြေနိုင်မည့် နေရာသစ်တစ်ခု ဖြစ်လာခဲ့သည်။ထျန်းကျင်းမြို့သည် ဟိုင်ဟယ်မြစ်၏ သမိုင်းယဉ်ကျေးမှုနှင့် မြစ်ကြောင်းရှုခင်း အရင်းအမြစ်များကို အသုံးချကာ မြစ်ကမ်းတစ်လျှောက် စားသုံးမှုရပ်ဝန်း စွမ်းရည်အဆင့်ကို မြှင့်တင်ပေးခဲ့ပြီး၊ နွေရာသီ ညစီးပွားရေးကဏ္ဍ (Night Economy) ကို ပိုမိုအားကောင်းလာစေရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် မြစ်ကမ်းနံဘေး နေရာသစ်တစ်ခုက နွေရာသီ ညစားသုံးမှုကဏ္ဍကို မြှင့်တင်ပေးနေ
Jun 21 • 2:08 AM
China
Local News
Share
| 5 | 0 | 0 | 0 |


