back

မွန်ပြည်နယ်၊သထုံမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ ပေ ၅၀ ခန့်ရှိ ညောင်ပင်ကြီးပြိုလဲမှုကြောင့် ဓာတ်အားလိုင်းတိုင် ၂၀ နှင့် ဆက်စပ်ပစ္စည်းများ ပျက်စီး

Jun 19 • 7:04 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊သထုံမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ ပေ ၅၀ ခန့်ရှိ ညောင်ပင်ကြီးပြိုလဲမှုကြောင့် ဓာတ်အားလိုင်းတိုင် ၂၀ နှင့် ဆက်စပ်ပစ္စည်းများ ပျက်စီး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ မော်လမြိုင်-ရန်ကုန်သွား ကားလမ်းဘေးတွင် ဇွန်လ ၁၈ ရက် နေ့လယ် ၃ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက...


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ မော်လမြိုင်-ရန်ကုန်သွား ကားလမ်းဘေးတွင် ဇွန်လ ၁၈ ရက် နေ့လယ် ၃ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ် ၁၀ ပေ၊ အမြင့်ပေ ၅၀ ခန့်ရှိ သက်တမ်းရင့် ညောင်ပင်ကြီးတစ်ပင် အမြစ်မှပြိုလဲကျခဲ့ရာ ၎င်းအနီးရှိ ၁၁ ကေဗွီ ဇရစ်ချောင်ဖီဒါလိုင်းမှ လက်ရှိဓာတ်အားဖြန့်ဖြူးထားသော ဓာတ်အားလိုင်းတိုင် ၂၀ အပါအဝင် ဓာတ်အားလိုင်းကြိုးများနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးခဲ့သဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

12