back

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်တွင် အချိန်ကြာမြင့်စွာ ရပ်ထားသည့် လိုင်စင်မဲ့ကားမှတစ်ဆင့် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ ၁၈ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Jun 19 • 7:03 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်တွင် အချိန်ကြာမြင့်စွာ ရပ်ထားသည့် လိုင်စင်မဲ့ကားမှတစ်ဆင့် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ ၁၈ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်း အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီးကို အခြေပြု၍ အွန်လိုင်းလိမ်လည်မှု (Online Scams) ကျူး...

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်း အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီးကို အခြေပြု၍ အွန်လိုင်းလိမ်လည်မှု (Online Scams) ကျူးလွန်နေသူ ၁၈ ဦးကို သက်သေခံ ဆက်စပ်ပစ္စည်း အမြောက်အမြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂) ရပ်ကွက်၊ ရွှေတောင်ကြားလမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်၏ ကားပါကင်တွင် အချိန်ကြာမြင့်စွာ ရပ်ထားသော လိုင်စင်မဲ့ကားကို ဝင်ရောက်စစ်ဆေးခဲ့ရာ ကားအတွင်းမှ Power Station ၃ လုံး၊ Laptop ၄ လုံး၊ Charger USB ၈ ခု၊ Star Link စက် ၂ လုံး၊ လက်ကိုင်ဖုန်း ၇၅ လုံးနှင့် ကာလာပရင်တာ ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီးနောက် ၎င်းအွန်လိုင်းလိမ်လည်မှုအဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

19