back

ဩစတြေးလျရှိ ကာဒီရာရွှေတွင်း၌ ပြင်းအား ၃.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လုပ်ငန်းများ ခေတ္တရပ်နားထားရ

Jun 19 • 7:01 AM

breaking-news

Myanmar

International

cover

ဩစတြေးလျရှိ ကာဒီရာရွှေတွင်း၌ ပြင်းအား ၃.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လုပ်ငန်းများ ခေတ္တရပ်နားထားရ

ဩစတြေးလျနိုင်ငံ နူးဆော့သ်ဝေးလ်ပြည်နယ် ဆစ်ဒနီမြို့အနောက်ဘက် ၂၁၀ ကီလိုမီတာအကွာရှိ ကာဒီရာရွှေတူးဖော်မှုဇုံတွင် ဇွန်လ ၁၉ ရက် သောကြာနေ့အစောပိုင်းက ပြင်းအား ၃.၄ အဆင့်...

ဩစတြေးလျနိုင်ငံ နူးဆော့သ်ဝေးလ်ပြည်နယ် ဆစ်ဒနီမြို့အနောက်ဘက် ၂၁၀ ကီလိုမီတာအကွာရှိ ကာဒီရာရွှေတူးဖော်မှုဇုံတွင် ဇွန်လ ၁၉ ရက် သောကြာနေ့အစောပိုင်းက ပြင်းအား ၃.၄ အဆင့်ရှိ မြေအောက်ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် ရွှေတွင်းလုပ်ငန်းများကို ခေတ္တရပ်နားထားကြောင်း သိရသည်။ ငလျင်သည် မြေအောက်အနက် ၁ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး သတ္တုတွင်းပိုင်ရှင် နူးမောင့်တ်ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ မြေအောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားလုံးကို မြေပြင်ပေါ်သို့ ဘေးကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။

news-view-count-icon

15