ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ပါလျှံ(၃)ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၁၉ ရက် (ယနေ့) နံနက်အစောပိုင်း ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီးနှင့် မီးသတ်ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ချက်ချင်းထွက်ခွာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ အချိန်မီဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၁ နာရီ ၃၂ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
Jun 19 • 7:00 AM
Myanmar
Shan
Share
| 14 | 0 | 0 | 0 |


