စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် အဖွဲ့ဝင် ၅ ဦးပါဝင်သော ကြီးကြပ်ရေးအဖွဲ့များကို ဇွန်လ ၁၇ ရက်က သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများအလိုက် ဒေသခံများ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကို ဇွန်လ ၂၅ ရက်နေ့တွင် အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ပြီး၊ ရွေးချယ်ခံရသူများကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လိုက်နာရမည့်ကျင့်ဝတ်များကို စာတွေ့၊ လက်တွေ့ ၁ လကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်
Jun 19 • 6:58 AM
Myanmar
Sagaing
Share
| 20 | 0 | 0 | 0 |


