back

ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးနှုန်းများကြောင့် စပါးစိုက်ဧက ထက်ဝက်ခန့် လျော့နည်းလာပြီး လယ်သမားများ အခက်အခဲကြုံတွေ့နေရ

Jun 19 • 3:27 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်းတွင် စက်သုံးဆီဈေးနှုန်းများကြောင့် စပါးစိုက်ဧက ထက်ဝက်ခန့် လျော့နည်းလာပြီး လယ်သမားများ အခက်အခဲကြုံတွေ့နေရ

လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ်စိုက်ပျိုးရာသီ၌ စက်သုံးဆီ၊ သွင်းအားစု၊ လယ်ယာထွန်ယက်ခနှင့် အလုပ်သမားခများ သိသိသာသာ မြင့်တက်နေသဖ...

လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ်စိုက်ပျိုးရာသီ၌ စက်သုံးဆီ၊ သွင်းအားစု၊ လယ်ယာထွန်ယက်ခနှင့် အလုပ်သမားခများ သိသိသာသာ မြင့်တက်နေသဖြင့် လယ်သမားများ အရှုံးပေါ်မည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ မနှစ်က လယ်တစ်ဧက ထွန်ယက်ခ ငါးသောင်းဝန်းကျင်သာ ရှိခဲ့ရာမှ ယခုနှစ်တွင် စက်သုံးဆီဈေးကြောင့် ခုနစ်သောင်းဝန်းကျင်အထိ ဖြစ်လာပြီး၊ ရိတ်သိမ်းခမှာလည်း တစ်ဧကလျှင် နှစ်သိန်းခွဲမှ သုံးသိန်းဝန်းကျင်အထိ ကုန်ကျနိုင်ကြောင်း မြန်အောင်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။ လက်ရှိတွင် စက်သုံးဆီတစ်လီတာလျှင် ကျပ်ခြောက်ထောင်မှ တစ်သောင်းဝန်းကျင်အထိ ပေးဝယ်နေရသည့်အပြင် အဓိကအသုံးပြုရသည့် ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင်လည်း ကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်နေသည်။ယခုကဲ့သို့ စရိတ်စကများ ကြီးမြင့်နေသော်လည်း စပါးဈေးကောင်းမရခြင်းနှင့် ဓာတ်မြေဩဇာ အလုံအလောက်မသုံးပါက စပါးအရည်အသွေးမမီခြင်းတို့ကြောင့် ဖျာပုံနှင့် ဟင်္သာတမြို့နယ်တို့ရှိ လယ်သမားများမှာ အခက်အခဲကြုံတွေ့နေရသည်။ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် လယ်ယာမြေများကို မလုပ်ကိုင်တော့ဘဲ ပြန်လည်ရောင်းချလိုသူ များပြားနေသော်လည်း ဝယ်ယူမည့်သူ ရှားပါးနေသည်။ ထို့ပြင် လယ်သမားများ အခက်ကြုံနေချိန်တွင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလည်း စိုက်ပျိုးစရိတ်ချေးငွေများကို အချိန်မီပြန်ဆပ်ရန် ဖိအားပေးတောင်းခံမှုများ ရှိနေသည်။ အဆိုပါအခြေအနေများကြောင့် အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိသည့် ဧရာဝတီတိုင်းတွင် ပုံမှန်မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိခဲ့ရာမှ ယခုနှစ်ပိုင်းများတွင် စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်သာ ရှိတော့သဖြင့် စိုက်ပျိုးထုတ်လုပ်မှု ထက်ဝက်ခန့် လျော့ကျသွားကြောင်း လယ်သမားအရေး ဆောင်ရွက်သူများ၏ အချက်အလက်များအရ သိရသည်။

news-view-count-icon

19