မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁,၁၃၈,၀၁၈.၇၈ (၁ ဒသမ ၃ သန်းကျော်) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ ၁၇၀,၈၀၆.၉၃ ကို CMP ကုမ္ပဏီများထံသို့ ပြန်လည်ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ ဇွန် ၁၇ ရက်က ပြုလုပ်သည့် FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအခြေအနေအရ အခြားကုန်ပစ္စည်းများနှင့် Non-Trade Transaction များက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။
Jun 19 • 2:52 AM
Myanmar
Local
Share
| 34 | 0 | 0 | 0 |


