ပဲခူးတိုင်းဒေသကြီးကို ဖြတ်သန်းပြေးဆွဲမည့် ရန်ကုန်-ပြည်လမ်းပိုင်းနှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင် DEMU အထူးအမြန်ရထားများကို မကြာမီ ပြေးဆွဲသွားတော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ အဆိုပါ ရထားခရီးစဉ်များ အဆင်ပြေချောမွေ့စွာ ပြေးဆွဲနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် DEMU အထူးအမြန်ရထားများ မပြေးဆွဲမီ ရထားလမ်းတစ်လျှောက် လွတ်ကင်းမှုမရှိသည့် သစ်ပင်များနှင့် အဆောက်အအုံများကို အချိန်မီ ဖယ်ရှားရှင်းလင်းရန်၊ တရားမဝင် လမ်းကူးများကို ပိတ်သိမ်းရန်နှင့် မဖြစ်မနေ အသုံးပြုရမည့် လမ်းကူးနေရာများတွင် ကျေးရွာ/ရပ်ကွက်အစီအစဉ်ဖြင့် ဂိတ်တံခါးများနှင့် ဂိတ်စောင့်များကို စနစ်တကျ ထားရှိသွားရန် ညွှန်ကြားမှာကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင်လည်း DEMU အထူးအမြန်ရထားများ မကြာမီပြေးဆွဲတော့မည်ဖြစ်
Jun 18 • 3:26 AM
Myanmar
Yangon
Share
| 19 | 0 | 0 | 0 |


