ဇွန်လ ၁၇ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Hexagon Complex တွင် ကျင်းပခဲ့သည့် Miss Universe Myanmar 2026 ပြိုင်ပွဲကြီးတွင် ဘားအံကိုယ်စားပြု အလှမယ် မေဂရက်စ်ပါရီ (May Grace Parry) က အလှမယ် ၃၈ ဦးအနက်မှ သရဖူကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ National Director ကိုထူးအံ့လွင် ဦးဆောင်ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် 1st Runner-up အဖြစ် ဟန်သိမ့်သိမ့်အောင် (တောင်ငူ) နှင့် 2nd Runner-up အဖြစ် ကျော်ကျော်အိန္ဒြာ (ရန်ကုန်အနောက်ပိုင်း) တို့က အသီးသီး ရွေးချယ်ခံခဲ့ရသည်။ သရဖူရှင်သစ်ဖြစ်လာသည့် မေဂရက်စ်ပါရီသည် ယခုနှစ်နှောင်းပိုင်းတွင် ပေါ်တိုရီကို (Puerto Rico) နိုင်ငံ၌ ကျင်းပမည့် သမိုင်းဝင် ၇၅ ကြိမ်မြောက် စိန်ရတု မစ်ယူနီဗာ့စ်ပြိုင်ပွဲကြီး (75th Anniversary Diamond Edition) သို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။




