မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ အများအပြား ဝင်ရောက်လာစေရန် ဆိုက်ရောက်ဗီဇာ (Visa on Arrival) များနှင့် ဗီဇာကင်းလွတ်ခွင့်များကို ပိုမိုဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားလိုက်သည်။ ဇွန်လ ၁၄ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် "မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆" ၏ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ပြုလုပ်ခဲ့ရာ ဝန်ကြီးက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖိုရမ်သို့ ကမ္ဘောဒီးယား၊ လာအို၊ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်း အာဏာပိုင်များနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ လက်ရှိတွင် လာရောက်သည့် နိုင်ငံခြားသားများကို လေဆိပ်များ၌ အမှတ်တရလက်ဆောင်ပေးခြင်းများ ဆောင်ရွက်နေသည့်အပြင်၊ ခရီးသွားများ ရက်ရှည်နေထိုင်စေရန် ဟိုတယ်များ၏ ဝန်ဆောင်မှုကောင်းမွန်ရေးကလည်း အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ထောက်ပြခဲ့သည်။
ပြည်ပခရီးသွားပိုမိုဝင်ရောက်လာရန် ဆိုက်ရောက်ဗီဇာနှင့် ဗီဇာကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးမည်ဟု ဝန်ကြီး ပြောကြား
Jun 18 • 2:42 AM
Myanmar
Local
Share
| 23 | 0 | 0 | 0 |


