ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လတ်ဖရောလမ်း (Lat Phrao Road) အထွက် Lotus Bangkapi ကုန်တိုက်ရှေ့၌ ဇွန်လ ၁၆ ရက် ည ၈ နာရီဝန်းကျင်က ကားလမ်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး ယာဉ်အသွားအလာများ သိသိသာသာ နှေးကွေးပိတ်ဆို့ခဲ့သော်လည်း ကံကောင်းစွာဖြင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။ လမ်းပြိုကျမှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ယာဉ်ထိန်းရဲများက ယာဉ်အသွားအလာ အဆင်ပြေစေရန် စီမံဆောင်ရွက်ခြင်း၊ လမ်းပြိုကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးခြင်းနှင့် ပြုပြင်ရေးလုပ်ငန်းများကို ချက်ချင်းလုပ်ဆောင်ခဲ့ကြရာ ဇွန်လ ၁၇ ရက် (ယနေ့) နံနက်ပိုင်းတွင် လမ်းပိုင်းအားလုံး ပြုပြင်ပြီးစီးသွားပြီဖြစ်၍ ပြည်သူများအနေဖြင့် အဆိုပါလမ်းကြောင်းကို ပုံမှန်အတိုင်း စိတ်ချလက်ချ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Jun 17 • 9:25 AM
Thailand
Local News
Share
| 20 | 0 | 0 | 0 |


