back

ထိုင်းနိုင်ငံတွင် ကွယ်လွန်သူ အသက် ၇၈ နှစ်အရွယ် လယ်သမားအဖိုးအိုတစ်ဦး ၎င်း၏ စက်ပြင်ပုံးထဲ၌ မိသားစုအတွက် ဘတ် ၂ သန်းနီးပါးနှင့် ရွှေဆွဲကြိုးတစ်ကုံး ထားရစ်ခဲ့

Jun 17 • 9:25 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် ကွယ်လွန်သူ အသက် ၇၈ နှစ်အရွယ် လယ်သမားအဖိုးအိုတစ်ဦး ၎င်း၏ စက်ပြင်ပုံးထဲ၌ မိသားစုအတွက် ဘတ် ၂ သန်းနီးပါးနှင့် ရွှေဆွဲကြိုးတစ်ကုံး ထားရစ်ခဲ့

ထိုင်းနိုင်ငံ အူထုံဌာနီခရိုင် နောင်တမ်ရွာမှ အသက် ၇၈ နှစ်အရွယ် လယ်သမားအဖိုးအို ဆန်ဒေါင်းသည် ဇွန်လ ၁၃ ရက်က ကွယ်လွန်သွားခဲ့ပြီးနောက်၊ ၎င်းတစ်သက်လုံး အသုံးအစွဲအလွန်...

ထိုင်းနိုင်ငံ အူထုံဌာနီခရိုင် နောင်တမ်ရွာမှ အသက် ၇၈ နှစ်အရွယ် လယ်သမားအဖိုးအို ဆန်ဒေါင်းသည် ဇွန်လ ၁၃ ရက်က ကွယ်လွန်သွားခဲ့ပြီးနောက်၊ ၎င်းတစ်သက်လုံး အသုံးအစွဲအလွန်ချွေတာကာ ကိုင်တွယ်အသုံးပြုခဲ့သည့် စက်ပြင်ပုံးအတွင်းမှ မည်သူမျှမထင်မှတ်ထားဘဲ ငွေသားဘတ် ၁ ဒသမ ၈၄ သန်းနှင့် ရွှေဆွဲကြိုးတစ်ကုံးတို့ကို မိသားစုဝင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ တစ်ဘဝလုံး ခေါက်ဆွဲတစ်ပွဲဝယ်စားရန်ပင် ဝန်လေးခဲ့ပြီး ချွေတာစုဆောင်းကာ မိသားစုအတွက် ထားရစ်ပေးခဲ့သော အဖိုးအို၏ လုပ်ရပ်အပေါ် လူမှုကွန်ရက်တွင် ချီးကျူးမှုများ ရှိနေကြပြီး၊ သားသမီးနှင့် မြေးများက ထိုငွေများအားလုံးကို အသက် ၇၄ နှစ်အရွယ် အဖွားဖြစ်သူ သုံးစွဲရန်နှင့် ကျန်းမာရေးစောင့်ရှောက်ရန်အတွက်သာ အသုံးပြုရန် သဘောတူဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

13