ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းများ ကျဆင်းလာပြီး အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ လျော့ပါးလာသော်လည်း ထိုင်းနိုင်ငံ၏ ပြည်တွင်းလက်လီစက်သုံးဆီစျေးနှုန်းများမှာ ယခုနှစ် စတုတ္ထသုံးလပတ်အထိ မြင့်မားသည့်အဆင့်တွင် ဆက်လက်တည်ရှိနေဦးမည်ဟု စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ Capital.com ၏ အချက်အလက်များအရ Brent ရေနံစိမ်းစျေးနှုန်းသည် ဇွန်လ ၁၂ ရက်တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၀ သို့ ကျဆင်းလာခဲ့သော်လည်း ထိုင်းနိုင်ငံ၌ ဇွန်လ ၁၅ ရက် စျေးနှုန်းများအရ ဒီဇယ်ဆီတစ်လီတာလျှင် ၃၉ ဒသမ ၈၀ ဘတ်နှင့် ဂက်ဆိုဟော ၉၅ တစ်လီတာလျှင် ၄၂ ဒသမ ၃၀ ဘတ်ဖြင့် သိသာစွာကျဆင်းခြင်းမရှိဘဲ ဆက်လက်ရောင်းချလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ စက်သုံးဆီစျေးနှုန်းများ ယခုနှစ် စတုတ္ထသုံးလပတ်အထိ မြင့်မားသည့်အဆင့်တွင် ဆက်လက်တည်ရှိနေဦးမည်ဟု ခန့်မှန်း
Jun 17 • 9:00 AM
Thailand
Local News
Share
| 6 | 0 | 0 | 0 |


