ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း၌ ကျွဲ၊ နွားနှင့် ဆိတ်များကို လွှတ်ကျောင်းစနစ်ဖြင့် စည်းကမ်းမဲ့စွာ မွေးမြူနေကြသည့် တိရစ္ဆာန်ပိုင်ရှင်များကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထိရောက်စွာ တားမြစ်ကြပ်မတ်ပေးစေလိုကြောင်း မြို့ခံပြည်သူများက ပြောဆိုနေကြသည်။ မြို့ပေါ်ရပ်ကွက်များအတွင်း တိရစ္ဆာန်များကို စည်းကမ်းမဲ့ လွှတ်ကျောင်းမှုကြောင့် လမ်းမများပေါ်တွင် ကား၊ ဆိုင်ကယ်များ ယာဉ်အန္တရာယ်ဖြစ်ပွားခြင်း၊ လူများကို အန္တရာယ်ပြုတိုက်ခိုက်ခြင်းနှင့် လမ်းပေါ်တွင် မစင်စွန့်ပစ်ခြင်းများ မကြာခဏ ဖြစ်ပွားနေသည်။ ထို့ပြင် စနစ်တကျ ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် စိုက်ခင်းများအတွင်း ဝင်ရောက်ကာ သီးနှံများ စားသောက်ဖျက်စီးမှုများလည်း ရှိနေသဖြင့် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကို စည်းကမ်းတကျ မွေးမြူကြရန်နှင့် တာဝန်ရှိသူများက ထိရောက်စွာ အရေးယူပေးရန် မြို့ခံများက တိုက်တွန်းထားကြောင်း သိရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် ကျွဲ၊ နွားများကို လွှတ်ကျောင်းစနစ်ဖြင့် စည်းကမ်းမဲ့ မွေးမြူနေသူများကို ကြပ်မတ်ပေးရန် မြို့ခံများ တောင်းဆို
Jun 17 • 4:05 AM
Myanmar
Kachin
Share
| 20 | 0 | 0 | 0 |


