back

မွန်ပြည်နယ်တွင် Placement Test (အထူးအစီအစဉ်) ဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား/သူ ၁,၂၀၀ ကျော်အနက် ၁,၁၁၀ ဦး လာရောက်ဖြေဆို

Jun 17 • 3:00 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်တွင် Placement Test (အထူးအစီအစဉ်) ဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား/သူ ၁,၂၀၀ ကျော်အနက် ၁,၁၁၀ ဦး လာရောက်ဖြေဆို

မွန်ပြည်နယ်အတွင်း Placement Test (အထူးအစီအစဉ်) ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁,၂၁၂ ဦး ရှိသည့်အနက် ဇွန်လ ၁၅ ရက်နေ့တွင် ၁,၁၁၀ ဦ...

မွန်ပြည်နယ်အတွင်း Placement Test (အထူးအစီအစဉ်) ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁,၂၁၂ ဦး ရှိသည့်အနက် ဇွန်လ ၁၅ ရက်နေ့တွင် ၁,၁၁၀ ဦး လာရောက်ဖြေဆိုခဲ့ပြီး ၁၀၂ ဦး ပျက်ကွက်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။အဆိုပါ အထူးအစီအစဉ် ဖြေဆိုရန်အတွက် မွန်ပြည်နယ်ရှိ မြို့နယ်တစ်ခုလျှင် စာစစ်ဌာနတစ်ခုစီ ဖွင့်လှစ်ပေးထားပြီး ကျိုက်ထို အ.ထ.က(၁)၊ ဘီးလင်း အ.ထ.က(၁)၊ သထုံ အ.ထ.က(၁)၊ အ.ထ.က(ပေါင်)၊ မော်လမြိုင် အ.ထ.က(၆)၊ အ.ထ.က(ချောင်းဆုံ)၊ ကျိုက်မရောတွင် အ.ထ.က(ချောင်းဆုံ)၊ မုဒုံ အ.ထ.က(၁)၊ သံဖြူဇရပ် အ.ထ.က(၁) နှင့် ရေး အ.ထ.က(၁) တို့ကို စာစစ်ဌာနများအဖြစ် သတ်မှတ်ပေးထားသည်။ ယင်း Placement Test (အထူးအစီအစဉ်) ကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ သတ်မှတ်ဘာသာရပ်အလိုက် ဖြေဆိုသွားရမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

15