back

မွန်ပြည်နယ်၊ မော်လမြိုင်တွင် တရားမဝင် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုများကို ထိရောက်စွာ စစ်ဆေးပေးရန် ဒေသခံများ တောင်းဆို

Jun 16 • 7:08 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊ မော်လမြိုင်တွင် တရားမဝင် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုများကို ထိရောက်စွာ စစ်ဆေးပေးရန် ဒေသခံများ တောင်းဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း တရားမဝင် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုများပြားလာသဖြင့် သက်ဆိုင်ရာက ထိထိရောက်ရောက် ကွင်းဆင်းစစ်ဆေးပေးရန် မြို့ခံများက တော...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း တရားမဝင် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုများပြားလာသဖြင့် သက်ဆိုင်ရာက ထိထိရောက်ရောက် ကွင်းဆင်းစစ်ဆေးပေးရန် မြို့ခံများက တောင်းဆိုနေကြသည်။ ထိုသို့ တရားမဝင် ခိုးယူသွယ်တန်းမှုများကြောင့် မီးလိုင်းကျခြင်းနှင့် မီးအားမငြိမ်ခြင်း ပြဿနာများကို ကြုံတွေ့နေရပြီး တိုင်ကြားမှုများရှိသော်လည်း ထိရောက်စွာ အရေးယူဆောင်ရွက်ပေးမှု မရှိသေးကြောင်း သိရသည်။ ထို့ပြင် ခြံကွက်အသစ်များရိုက်၍ ရောင်းချသည့်နေရာများတွင်လည်း ပြည်နယ်လျှပ်စစ်ဌာန၏ ခွင့်ပြုချက်မရယူဘဲ တရားမဝင် ဓာတ်တိုင်စိုက်ထူခြင်းနှင့် ဓာတ်အားလိုင်းသွယ်တန်းခြင်းများကို လုပ်ဆောင်နေကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သေချာစွာ စစ်ဆေးအရေးယူပေးစေလိုကြောင်း ဒေသခံများက ပြောဆိုထားကြသည်။

news-view-count-icon

15