back

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းတွင် စက်လှေမှောက်၍ ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိရသဖြင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာ

Jun 16 • 2:27 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းတွင် စက်လှေမှောက်၍ ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိရသဖြင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ခရီးသည်တင်စက်လှေ တိမ်းမှောက်မှုတွင် ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးအဖွဲ့များက စက်လှေဆွ...

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ခရီးသည်တင်စက်လှေ တိမ်းမှောက်မှုတွင် ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးအဖွဲ့များက စက်လှေဆွဲတင်၍ ဆက်လက်ရှာဖွေခဲ့ရာ ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁၁ ဦး (အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၆ ဦး) အထိ ရှိလာကြောင်း ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးထံမှ သိရသည်။ ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းက ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာမှ ကျောက်တော်မြို့သို့ ခရီးသည် ၃၅ ဦး တင်ဆောင်လာသည့် စက်လှေသည် ကင်းချောင်းအတွင်း ရေပြင်မြင့်တက်နေသဖြင့် ဦးရာဇ်မင်္ဂလာကြိုးတံတားကို ရှောင်ကွင်းမောင်းနှင်ရာမှ ကျောက်ဆောင်နှင့် တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ လိုက်ပါလာသူများအနက် ၂၄ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာပြင်းထန်သူများကို ဆေးရုံသို့ ပို့ဆောင်ထားကာ၊ လက်ရှိတွင် ပျောက်ဆုံးသူအားလုံးကို ပြန်လည်တွေ့ရှိပြီးဖြစ်ကြောင်း သိရသည်။

news-view-count-icon

25