ဆော်ဒီအာရေဗျ ဟာဂျ်နှင့် အွမ်ရဟ်ဝန်ကြီးဌာနသည် ပြီးခဲ့သည့် ရာသီက ဝန်ဆောင်မှုအပိုင်း လျော့နည်းကျဆင်းခြင်းနှင့် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ခြင်းတို့ကြောင့် အွမ်ရဟ် (Umrah) ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ ၂၁ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ယာယီရပ်ဆိုင်းလိုက်သည်။ အဆိုပါ ရပ်ဆိုင်းခံရသည့် ကုမ္ပဏီများအနက် ၁၅ ခုမှာ ဝန်ကြီးဌာနက သတ်မှတ်ထားသော လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်မှုအမှတ် (Evaluation scores) အောက် လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်ပြီး ကျန် ၆ ခုမှာမူ တရားဝင်အရေးယူရန်လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာ စည်းကမ်းချိုးဖောက်မှုများကြောင့် ဖြစ်သည်။ ယခုအရေးယူမှုသည် ဘုရားဖူးများ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် "Saudi Vision 2030" ရည်မှန်းချက်များအတိုင်း အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကာ ဝန်ကြီးဌာနအနေဖြင့် ဘုရားဖူးများ၏ ဝန်ဆောင်မှုအရည်အသွေးကို ထိခိုက်စေမည့် မည်သည့် ပျက်ကွက်မှုမျိုးကိုမဆို လုံးဝသည်းခံမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ဆော်ဒီအစိုးရက စည်းကမ်းဖောက်ဖျက်မှုနှင့် လုပ်ဆောင်ချက်အားနည်းမှုတို့ကြောင့် အွမ်ရဟ်ကုမ္ပဏီ ၂၁ ခုကို ရပ်ဆိုင်း
Jun 15 • 6:39 AM
UAE
Local News
Share
| 8 | 0 | 0 | 0 |


