back

အီရန်အသင်းအဖွဲ့ဝင် ၄ ဦး အမေရိကန်ဗီဇာ ထပ်မံရရှိသော်လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အပါအဝင် ၁၁ ဦး ပြည်ဝင်ခွင့် ငြင်းပယ်ခံရဆဲဖြစ်

Jun 14 • 9:19 AM

breaking-news

Myanmar

International

cover

အီရန်အသင်းအဖွဲ့ဝင် ၄ ဦး အမေရိကန်ဗီဇာ ထပ်မံရရှိသော်လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အပါအဝင် ၁၁ ဦး ပြည်ဝင်ခွင့် ငြင်းပယ်ခံရဆဲဖြစ်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်အသင်း၏ ကစားသမားများကို အမေရိကန်အစိုးရက ဗီဇာခွင့်ပြုပေးခဲ့သော်လည်း ကနဦးတွင် အသင်းအဖွဲ့ဝင် ၁၅ ဦးကို ဗီဇာထုတ်ပေးရန် ငြင်းဆန်ခဲ့သဖြ...

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်အသင်း၏ ကစားသမားများကို အမေရိကန်အစိုးရက ဗီဇာခွင့်ပြုပေးခဲ့သော်လည်း ကနဦးတွင် အသင်းအဖွဲ့ဝင် ၁၅ ဦးကို ဗီဇာထုတ်ပေးရန် ငြင်းဆန်ခဲ့သဖြင့် မက္ကဆီကိုနိုင်ငံ၌ အခြေစိုက်လေ့ကျင့်နေသည့် အီရန်အသင်းက ဗီဇာငြင်းပယ်ခံရသူများအနက် ၁၀ ဦးအတွက် ပြန်လည်လျှောက်ထားခဲ့ရာ နည်းစနစ်အဖွဲ့ဝင်နှင့် နိုင်ငံတကာရေးရာ တာဝန်ရှိသူ အပါအဝင် ၄ ဦးသာ ဗီဇာထပ်မံရရှိခဲ့ကြောင်း သိရသည်။ ဗီဇာထပ်မံငြင်းပယ်ခံရသူ ၆ ဦးတွင် ယခင်ကလည်း အုပ်စုမဲခွဲပွဲနှင့် FIFA ကွန်ဂရက်များ တက်ရောက်ခွင့် လွဲချော်ခဲ့ဖူးသည့် အီရန်ဘောလုံးအဖွဲ့ချုပ် (FFIRI) ဥက္ကဋ္ဌ မက်ဒီတာ့ဂျ်၊ ဒုဥက္ကဋ္ဌ၊ စီမံခန့်ခွဲသူများနှင့် လုံခြုံရေးတာဝန်ရှိသူတို့ ပါဝင်ပြီး ကျန်အဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၁၁ ဦးမှာ ပြည်ဝင်ခွင့်မရရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

25