ပီရူးနိုင်ငံ၊ မြို့တော်လီမာ၌ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ Mascot ရုပ်များဖြစ်ကြသည့် အမေရိကန်ကိုယ်စားပြု Clutch နှင့် ကနေဒါကိုယ်စားပြု Maple အရုပ်များကို ဝတ်ဆင်၍ မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦး၏ နေအိမ်တံခါးကို ချိုးဖျက်ကာ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပီရူးရဲတပ်ဖွဲ့သည် ယခင်ကလည်း ပြည်သူလူထု သတိမမူမိစေရန်အတွက် Grinch၊ Deadpool၊ Wolverine နှင့် Santa Claus စသည့် နာမည်ကျော်ရုပ်ရှင်ဇာတ်ကောင် အရုပ်ဝတ်စုံများကို ဝတ်ဆင်ကာ တရားခံများကို ဖမ်းဆီးခဲ့ဖူးသည့် အတွေ့အကြုံများရှိကြောင်း သိရသည်။
Jun 14 • 9:18 AM
Myanmar
International
Share
| 21 | 0 | 0 | 0 |


