မြန်မာ-လာအို ချစ်ကြည်ရေးအသင်း (MLFA) ဥက္ကဋ္ဌ ဦးဝင်းမောင် ဦးဆောင်သောအဖွဲ့နှင့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan Phomvihane ဦးဆောင်သည့် သံတမန်ကိုယ်စားလှယ်အဖွဲ့တို့သည် ဇွန်လ ၁၁ ရက် ညနေပိုင်းက နေပြည်တော်ရှိ Jasmine Hotel ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံနယ်စပ်ဒေသ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ နယ်စပ်ဒေသများသို့ လျှပ်စစ်မီးဖြန့်ဖြူးပေးရေးအပြင် မြန်မာ-လာအို နယ်စပ်အား နှစ်နိုင်ငံပြည်သူများသာမက တတိယနိုင်ငံသားများပါ ဖြတ်သန်းသွားလာနိုင်သည့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေး အလားအလာများကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် ဂုဏ်ပြုညစာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
မြန်မာ-လာအို ချစ်ကြည်ရေးအသင်းနှင့် လာအိုဒုတိယဝန်ကြီးချုပ်အဖွဲ့ နေပြည်တော်၌ တွေ့ဆုံကာ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တတိယနိုင်ငံသားများ ဖြတ်သန်းသွားလာနိုင်ရေး ဆွေးနွေး
Jun 14 • 9:02 AM
Laos
Local News
Share
| 2 | 0 | 0 | 0 |

ရန်ကုန်တိုင်း၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)၌ သစ်ပင်မျိုး ၉ မျိုး၊ အပင်ပေါင်း ၂,၀၀၀ ခန့် စုပေါင်းစိုက်ပျိုး
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော် မြောက်ဘက်မုခ်အဝင် အင်ကြင်းဥယျာဉ်လမ်းခင်းခြင်းနှင့် ရေမြောင်းပြုလုပ်မည့်လုပ်ငန်းခွင်အား တိုင်းလွှတ်တော်ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု

