back

ရန်ကုန်တိုင်း၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)၌ သစ်ပင်မျိုး ၉ မျိုး၊ အပင်ပေါင်း ၂,၀၀၀ ခန့် စုပေါင်းစိုက်ပျိုး

Jun 14 • 9:01 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)၌ သစ်ပင်မျိုး ၉ မျိုး၊ အပင်ပေါင်း ၂,၀၀၀ ခန့် စုပေါင်းစိုက်ပျိုး

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၃ ရက်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အစိုးရနည်းပညာကောလ...

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၃ ရက်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အစိုးရနည်းပညာကောလိပ်၌ ကျင်းပခဲ့သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ ပွဲတော်အတွင်း ခရေ၊ ပိတောက်၊ ကံ့ကော်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ သင်္ကန်း၊ ပျဉ်းမ နှင့် တရုတ်တယ် စသည့် သစ်ပင်အမျိုးအစား ၉ မျိုး (စုစုပေါင်း အပင်ရေ ၁,၉၀၀) ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

25