back

ထိုင်းတော်ဝင်မင်းသမီး ကွယ်လွန်ခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်ကို ၁၅ ရက်ကြာ ပြုလုပ်မည်

Jun 14 • 1:45 AM

breaking-news

Thailand

Local News

cover

ထိုင်းတော်ဝင်မင်းသမီး ကွယ်လွန်ခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်ကို ၁၅ ရက်ကြာ ပြုလုပ်မည်

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ သမီးတော်ကြီး မင်းသမီး ပါဂျရကီတီယာဗာသည် သက်တော် ၄၇ နှစ်အရွယ်၌ ဇွန်လ ၁၁ ရက်တွင် နတ်ရွာစံသွားခဲ့သဖြင့် နိုင်ငံတစ်ဝန်း ၁၅ ရက်ကြာ ဝမ်...

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ သမီးတော်ကြီး မင်းသမီး ပါဂျရကီတီယာဗာသည် သက်တော် ၄၇ နှစ်အရွယ်၌ ဇွန်လ ၁၁ ရက်တွင် နတ်ရွာစံသွားခဲ့သဖြင့် နိုင်ငံတစ်ဝန်း ၁၅ ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် ထိုင်းအစိုးရက ထုတ်ပြန်လိုက်သည်။ ဇွန်လ ၁၂ ရက်မှစတင်၍ နိုင်ငံတစ်ဝန်းရှိ အစိုးရရုံးများ၊ စာသင်ကျောင်းများနှင့် နိုင်ငံပိုင်လုပ်ငန်းများတွင် နိုင်ငံတော်အလံကို တိုင်တစ်ဝက်သာ လွှင့်ထူရန်နှင့် ဝန်ထမ်းများအားလုံး ၁၅ ရက်ကြာ အနက်ရောင်ဝတ်ဆင်ရန် ညွှန်ကြားထားသည်။ အများပြည်သူဆိုင်ရာ ဖျော်ဖြေပွဲများနှင့် ပွဲလမ်းသဘင်များကို ပိတ်ပင်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ကျင်းပခွင့်ပြုထားသော်လည်း ပွဲမစမီ ငြိမ်သက်ခြင်းပြုလုပ်ရန် တိုက်တွန်းထားကာ ပြည်သူများအနေဖြင့်လည်း နေ့စဉ်လူမှုစီးပွားဘဝကို ပုံမှန်အတိုင်း လုပ်ကိုင်နိုင်သည်။ လက်ရှိတွင် ဘန်ကောက်မြို့ နန်းတော်ကြီး၌ အမြင့်ဆုံးဂုဏ်ထူးဆောင် တော်ဝင်ဈာပနအခမ်းအနားကို ကျင်းပနေပြီး ရက်ပေါင်း ၁၀၀ ကြာ ပြုလုပ်မည့် ဆုတောင်းပွဲများသို့ နိုင်ငံ့ဝန်ထမ်းများ နေ့စဉ်အလှည့်ကျ တက်ရောက်အလေးပြုရန် စီစဉ်ထားကြောင်း သိရသည်။

news-view-count-icon

20