အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ပူးတွဲဒုတိယညွှန်ကြားရေးမှူး အင်ဒရူး ဘေလီက ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုဗဟိုချက်များကို နှိမ်နင်းရန် ကမ္ဘောဒီးယားအာဏာပိုင်များ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးပြောကြားခဲ့သည်။ ဇွန်လ ၁၀ ရက်က ပြုလုပ်ခဲ့သည့် "အကြမ်းဖက်အစွန်းရောက်ဝါဒများနှင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများ" ဆိုင်ရာ အွန်လိုင်းရှင်းလင်းပွဲတွင် Wall Street Journal သတင်းစာမှ သတင်းထောက်၏ မေးမြန်းမှုကို FBI ပူးတွဲဒုတိယညွှန်ကြားရေးမှူးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါမေးမြန်းမှုတွင် သတင်းထောက်က ကမ္ဘောဒီးယားအာဏာပိုင်များ၏ နှိမ်နင်းမှုအပေါ် အကဲဖြတ်ချက်နှင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုခံထားရသည့် အွန်လိုင်းလိမ်လည်မှုဂိုဏ်းချုပ်အများအပြား ကမ္ဘောဒီးယားတွင် တစ်စုံတစ်ရာ ဥပဒေအရ အရေးယူခံရခြင်းမရှိသေးသည့်အပေါ် စိုးရိမ်ပူပန်မှုရှိမရှိကို ထည့်သွင်းမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Jun 13 • 7:31 AM
Cambodia
Local News
Share
| 16 | 0 | 0 | 0 |


