ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (JAXA) သည် ဇွန်လ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၀၉ နာရီ ၅၄ မိနစ်တွင် ကာဂိုရှီးမားစီရင်စုရှိ တာနဲဂါရှီးမား အာကာသစခန်းမှနေ၍ ပုံစံသစ်ဖြင့် ဖွဲ့စည်းထားသည့် အမှတ် (၆) H3 စမ်းသပ်ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုံးပျံလွှတ်တင်မှုသည် ရာသီဥတုဆိုးရွားမှုကြောင့် မူလအစီအစဉ်ထက် နှစ်ရက်နောက်ကျခဲ့သော်လည်း လွှတ်တင်ပြီး ၁၅ မိနစ်အကြာတွင် ရည်မှန်းထားသော ပတ်လမ်းထဲသို့ စနစ်တကျ ရောက်ရှိသွားခဲ့သည်။ ယခုလွှတ်တင်မှုတွင် သမုဒ္ဒရာစောင့်ကြည့်လေ့လာရေးနှင့် အာကာသအမှိုက်များ ဖယ်ရှားရေး နည်းပညာစမ်းသပ်မှုများတွင် အသုံးပြုမည့် အသေးစားဂြိုဟ်တု ၆ စင်းကို သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
| 13 | 0 | 0 | 0 |


